တောင်တွင်းကြီး ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် AI အသုံးချ နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် AI Overview အကြောင်း၊ AI သည် သင်္ကေတဆိုင်ရာ ကျိုးကြောင်းဆင်ခြင်ခြင်းမှ အများပြည်သူဝန်ဆောင်မှုများနှင့် မူဝါဒများအပေါ်သက်ရောက်မှုရှိသော အစွမ်းထက်သည့် စက်သင်ယူမှုစနစ်များ (Introduction) အကြောင်း၊ Robot များ၏ ဦးနှောက်အတု ခွဲခြမ်းစိတ်ဖြာသည့် Topic 1 အကြောင်း၊ HISTORY OF ARTIFICIAL INTELLIGENCE Program များအကြောင်း၊ ရွှေရောင်နှစ်များနှင့် AI ဆောင်းရာသီများအကြောင်း၊ ပြန်လည်နိုးကြားလာမှုနှင့် Big Data များအကြောင်း၊ Core Mathematical Foundations အကြောင်းနှင့် Understanding Mathematical Model များနှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးကျော်ဝင်းလတ် M.E (Telecommunition), Russia,Ph.D (Netural Network), M.I.I.T Russia) က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား Group များဖွဲ့ကာ တောင်တွင်းကြီးမြိုနယ်နှင့် ပတ်သတ်သည့် AI ပုံများ ထုတ်ကာ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီး အကောင်းဆုံးဓာတ်ပုံများအား ဆုချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့သည်။
နောင်နောင်(ဗိဿနိုးမြေ)