ကမ္ဘာဆရာများနေ့အထိမ်းအမှတ်အဖြစ်မော်လမြိုင် ကျွန်းမြို့နယ်၌ အငြိမ်းစားကျောင်းအုပ် ဆရာကြီးတစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး တစ်ဦးနှင့် ကျောင်းဆရာဘဝ မှတ်တမ်းပုံရိပ်များအား အသိပညာဗဟုသုတ တိုးပွားရရှိနိုင်ရန်အတွက် မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင် မှတွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရှိရသည်။