ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့် ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ( Sinopharm) ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်း (၉)နာရီမှစ၍ စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။ 

ရေဖြူမြို့နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အသက် ၁၂နှစ်မှစတင်၍ အသက် (၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှု မရှိပဲ ပညာသင်ကြားနိုင်ခြင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ခြင်းဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် (၁၂)နှစ်မှ စတင်ကာ အသက်(၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ပတ်သက်၍ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်

ပေါက်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက်များ ရွေးချယ်စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက တင်း ၁၀၀နှင့်အထက် ထွက်ရှိရေး စံပြကွက် ဧက ၃၀ ကိုရွေးချယ်ပြီး စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ နှစ်သိန်းလေးသောင်း ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည်

ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလအတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးရာတွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ အသက်အရွယ်များကို ထိုးနှံပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်း ကျော်ရှိပြီး ဆေးထိုးစုရပ် ၃၁၃ နေရာ၊ ဆေးထိုးအုပ်စုအဖွဲ့ ၂၄၀ နှင့် တပ်မတော်ဆေးတပ်ဖွဲ့မှအဖွဲ့ ၁၃ ဖွဲ့က ပူးပေါင်း၍ ရေလမ်းခရီးနှင့် ဝေးလံသည့်နေရာများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျောက်ကြီးမြို့နယ်အတွင်း တောင်သူ (၁၈၀)ဦး အား ဆီထွက်နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူ (၁၈၀)ဦးအား ဆီထွက်နေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။

ကျိုက်လတ်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာ Talk Show ဆွေးနွေးပွဲ ပြုလုပ်

၂၀၂၁ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သိမှတ်ဖွယ်ရာများ Talk Show ဆွေးနွေးပွဲကို ကျိုက်ထို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လည် ၁၂ နာရီက ပြုလုပ်သည်။

ကမ္ဘာ့ဆရာများနေ့အတွက် အိမ်မဲမြို့နယ်မှ ဆရာကြီးတစ်ဦး၏ ရင်တွင်းစကားသံများ (၂)

ကမ္ဘာ့ဆရာများနေ့အတွက် အိမ်မဲမြို့နယ်မှ ဆရာကြီးတစ်ဦး၏ ရင်တွင်းစကားသံများ (၂) အိမ်မဲ အောက်တိုဘာ ၅ လွှမ်းသီဟ

ကမ္ဘာဆရာများနေ့အထိမ်းအမှတ်အဖြစ်မော်လမြိုင် ကျွန်းမြို့နယ်၌ အငြိမ်းစားကျောင်းအုပ် ဆရာကြီးတစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး တစ်ဦးနှင့် ကျောင်းဆရာဘဝ မှတ်တမ်းပုံရိပ်များအား အသိပညာဗဟုသုတ တိုးပွားရရှိနိုင်ရန်အတွက် မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင် မှတွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရှိရသည်။

နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ယမန်နေ့ ညနေ၄နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးတစ်လျှောက် သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ