ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ခရီးသွားဧည့်သည် လာရောက်မှုများဖြင့် စည်ကား

ညောင်ဦး ဒီဇင်ဘာ ၂၅

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြား စွာ လာရောက်လျက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးက ပြောကြား သည်။

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင်စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ် တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများ ဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက် လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည်များပြားလျက်ရှိကြောင်း သိရသည်။

ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ် ကျေးမှုနယ်မြေသည် ပြည်တွင်း ပြည်ပခရီးသွားအဆက်မပြတ်သည့် မြို့ဖြစ်ကာသီတင်းကျွတ် ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်/ ကျောင်းပိတ် ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး  ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွှဲ  တစ်နေရာနှင့် တစ်နေရာ မဝေးကွာဘဲတဆက်တစပ်ထဲ ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပ ခရီးသွားများကို အလွန်ပင်စွဲဆောင်လှကြောင်း ပုဂံဒေသ ဘယ်နှစ်ခေါက်ရောက်ရောက် ထပ်ထပ်ကာ လာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက် ဘုရားဖူးလာရောက်ကြ သည့် မစန်းစန်းလွင်က ပုဂံဒေသအကြောင်းပြောပြကာ ဘုရားဖူးများ၊ ခရီးသွား ပြည်တွင်းပြည်ပ ခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦး ဆရှေးဟောင်းနယ်မြေအား တန်ဘိုးထားလို့သာ ထပ်ကာထပ်ကာ လာရောက်ကြကြောင်း နတ်မောက်မြို့မှ ဘုရားဖူးလာရောက်သည့် ဒေါ်စိန်တင့်ကပြောပြကာ ခရစ္စမတ်အားလပ်ရက် ပုဂံ-ညောင်ဦး ဘုရားဖူးလာ ရောက်သူ ၃၀၀၀ ဦးကျော် လာရောက်ဖူးမြှော်ကြကြောင်း ရွှေစည်းခုံဘုရား ဂေါပကရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောကြား၍ သိရသည်။

ကိုထိန်၊KPD