တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး    ဒီဇင်ဘာ  ၁၅

ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ က ပြည့်ညင်ကျေးရွာအုပ်စု၊ ပြည့်ညင်ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးရုံးသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းက ရပ်ကွက်/ကျေးရွာများမှ  အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်း ကောက်ခံ‌ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်၊ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးသက်တင်က ပန်းခင်းစီးမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမူအ‌ခြေအနေများကိုတင်ပြဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးခိုင်၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်၊ ကျေးလက်လမ်းဦးစီးဌာနဦးစီးအရာရှိဒေါ်ခိုင်ခိုင်‌ထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးညဏ်မြင့်ထွန်းတို့က ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ ကုန်ထုတ်လမ်းများ ဖောက် လုပ်နိုင်ရေး၊ ကျေးရွာအတွင်း လမ်းတံတားများကောင်းမွန်ရေး၊ မြစိမ်းရောင်ချေး ငွေရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ကျေးရွာခြင်းဆက်လမ်းများကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ဌာနအလိုက် လုပ်ဆောင် ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားပြီး ကျေးရွာပြည်သူများ၏ သိရှိလိုသည့်မေးမြန်း ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)