ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)(၈၃၄)ဦး၏ ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ

ငဖဲ ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား(၈၄၅)ဦးနေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား) များ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အလှည့်ကျသတ်မှတ်နေ့အလိုက်စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ငဖဲမြို့အတွင်းတွင် မြို့ပြပင်စင် (၄၁၉)ဦး၊ကာကွယ်ရေးပင်စင် ( ၃၂၉  )ဦး၊    နိုင်ငံရေး ပင်စင်   (၉၁) ဦး၊မြန်မာ့စီးပွားရေးဘဏ်ပင်စင် (၅)ဦး၊ ဗဟိုဘဏ်ပင်စင် (၁)ဦး စုစုပေါင်း (၈၄၅)ဦးရှိရာ ငဖဲမြို့မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများက ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇နာရီမှစတင်၍ မွန်းလွဲ ၁ နာရီ အထိ နေ့စဉ်ပင်စင် လစာများထုတ် ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အငြိမ်းစားဝန်ထမ်းပင်စင်စားများအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(mask)တပ်ဆင်၍ လာရောက်ရမည်ဖြစ်ပြီးသတ်မှတ်ရက်များတွင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ပင်စင်စားများအနေဖြင့် ရုံးဖွင့်သည့် နေ့ရက်တိုင်း လာရောက် ထုတ်ယူနိုင်ကြောင်းသိရသည်။

မယု(ငဖဲ)