ရွှေကျင်မြို့နယ် Community Center ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမတွင် စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် ယနေ့ မွန်းလွဲ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မိုးညွန့်မှ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသန်းဝင်း(သာထက်အောင်)က "ဟောပြောချက်"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေး ပေးသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက "အမေးအဖြေ"ခေါင်းစဉ်၊ "နောက်ဆက်တွဲအမေးအဖြေများ"ခေါင်းစဉ်၊ "ဗေဒင်နှင့်ဘဝရည်မှန်းချက်"ခေါင်းစဉ်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)