ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျောက်တလုံးကြီး        ဒီဇင်ဘာ           ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်တွင် Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။

အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန် ၊အပြင်ထွက်ပါကပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ် တကျ တပ်ဆင်၍သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေ ဖြင့်ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကျန်း မာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာ လိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန် ကြားချက်များကို စနစ်တကျလိုက်နာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ၊ ပအိုဝ်းဘာသာစကား (၂) မျိုးဖြင့်လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

 မြဝင်း (ကျောက်တလုံးကြီး)