မန္တလေး ဒီဇင်ဘာ ၂၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (မန္တလေး)တို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှုး ဒုရဲမှုး သူဇာလွင်တို့က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအကြောင်း၊ လူကုန် ကူးမှု အရေးယူဆောင်ရွက်မှုများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(မန္တလေး)က မန္တလေးခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်များအား လှုဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)