ပုသိမ်ကြီး ဒီဇင်ဘာ ၂၇
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန Community Centre တွင် ဆောင်းရာသီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ တိုက်ကွမ်ဒိုလှုပ်ရှားမှု သရုပ်ပြခြင်း ကို ယနေ့ နံနက် ၁၀ နာရီက Community Centre ၌ ကျင်းပသည်။
အဆိုပါ သရုပ်ပြရာတွင် တိုက်ကွမ်ဒို နည်းပြဆရာ ဦးကျော်သူလွင်က ဦးစီး၍ အခြေခံ လက်သီးထိုး၊ ခြေကန်ချက်(၄)မျိုး၊ ကကွက်နှင့် စွမ်းရည်ပြ ပူဖောင်းခွဲ ကန်ခြင်းများကို တိုက်ကွမ်ဒို သင်တန်း သား သင်တန်းသူများက သရုပ်ပြသ ကစားခဲ့ကြသည်။
တိုက်ကွမ်ဒို လှုပ်ရှားမှု သရုပ်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုဦးစီးမှူး ဦးရဲနောင်ထွန်း၊ တိုက်ကွမ်ဒိုနည်းပြဆရာ ဦးကျော်သူလွင်နှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)