ဘီးလင်းမြို့နယ်ဇုက္ကလိ​ကျေးရွာ၌ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဘီးလင်း ဒီဇင်ဘာ ၂၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဇုက္ကလိကျေးရွာတွင် ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးမောင်ထွေး၏ ကွင်းအမှတ် ၂၆၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းခိုင်က ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် နွေစပါးစိုက်ပျိုးမည့် တောင်သူဦးမောင်ထွေး၏ လယ်မြေ ၃ ဧကတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃၇) စက်မူလယ်ယာစခန်း ဝန်ထမ်းများက ကွင်းသရုပ်ပြသခဲ့ရာ တောင်သူ ၃၀ ဦးခန့်တက်ရောက်လေ့လာခဲ့ကြသည်။ ဘီးလင်းမြို့နယ်တွင် ယခုနှစ်နွေစပါး စိုက်ပျိုး ရန် လျာထားဧက ၄၀၀၀ ကျော်ခန့်ရှိပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် လျာထား ဧက ၅၀ ရှိကြောင်း မြို့နယ်စက်မှုလယ် ယာဦးစီးဌာန ဦးစီးမှူး  ထံမှသိရသည်။

ထူးနောင် (ဘီးလင်း)