တာချီလိတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့ပေါ်နှင့် ကျေးလက်ဒေသများထိ တာဝန်ရှိသူတို့က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် လွယ်တော်ခမ်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူ(၅၂)ဦးအား အိမ်ထောင်စုလူဦးရေစာရင်း ဖြည့်သွင်းခြင်း၊ အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်းနှင့် ပျောက်ဆုံးပျက်စီးများကို လဲလှယ်ပေးခြင်းတို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ခရိုင်ဦးစီးမှူး ဦးဦးသွင်က သွားရောက်ကြည့်စစ်ဆေးပြီးလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)