ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်နည်းပြများနှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်တွင် အခြေခံငါးမွေးမြူရေးရက်တိုသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုသော အခြေခံငါးမွေးမြူရေးရက်တိုသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စစ်တွေမြို့၌ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လမ်းသစ်ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင်စာသင်တိုက်၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ကြသည်။

ညောင်တုန်းမြို့နယ်တွင် (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ၊ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ခြင်း၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ မြေပြင်ကွင်းဆင်းထောက်ပံ့ခြင်းနှင့် ဓါတ်အားလိုင်းကြိုးများ ပြန်လည်သွယ်တန်း ပြုပြင်နေမှုများအား ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မအီမြို့မဈေးကြီးရှေ့ မြေယာရှုခင်း (Landscaping) အား စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မအီမြို့၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ မြေယာရှုခင်း (Landscaping) အား မြို့စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် အဖွဲ့ဝန်တမ်းများက ပန်းအလှပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လင်းခေးတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်

လင်းခေးတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက် လင်းခေး ဇွန် ၁၇ စိုင်းဇော်လတ်

ငါးသိုင်းချောင်းမြို့ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်(Book club)နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ညီညီနိုင် မြန်မာပြန်ဆိုသည့် အောင်မြင်ရေးသော့ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိက အ‌ဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိကအ‌ဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ်ခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ