ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျိုက်မရော၌ ထန်းပင်ပေါင်း ငါးထောင်ကျော် ဒုတိယအကြိမ် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၏ သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့် LAND MARK ထန်းပင် စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ ၁၁ ရက် နံနက်က ကျိုက်မရောစံပယ်ဂူသွား ကားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းဖြင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းနိုင်ရန် ပြည်သူလူထုသို့ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဇွန် (၇) ရက်နံနက် (၁၀) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးများအသင်းတို့ ပူးပေါင်းပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ လူငယ်များက တ‌ယောသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းရှိ လူငယ်များက ဦးဆောင်၍ နွေရာသီအားလပ်ရက်များတွင် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ဂီတပညာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက် သည့် လူငယ်လူရွယ်များဖြစ်စေရန်၊ တယောသင်တန်းကို ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် လူငယ်ရိပ်သာတွင် ယနေ့ညနေ (၄) နာရီအချိန်က ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့်လကုန်လုပ်ငန်းညှိနှိုင်းစည်းဝေးကိုမေလ ၃၁ ရက်ညနေ(၃)နာရီတွင်ကျင်းပခဲ့သည်။

ကန့်ဘလူမြို့တွင် အရေးပေါ်ကယ်ဆယ်ရေးသုံး ပစ္စည်းများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်း‌တော်ကြီးသင် ပညာရေးကျောင်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန့်နေ့‌နေလယ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အခြေအနေများ ရှင်းလင်းဆွေးနွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည့် အခြေအနေများကို ကျောင်းသား‌၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူတို့အား ယမန်နေ့ နံနက်က အ.ထ.က (၁)‌ကျောင်း နဝဒေးခန်းမ၌ သက်ဆိုင်ရာ ဌာနများက ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက မြောက်ဦးမြို့ပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ဗိုလ်ချုပ်သောင်းထိုက်ရွှေ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးမှုကို တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် ရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသော ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ပျက်စီးသွားသော အဆောက်အဦးများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှု‌ကြောင့် အမိုးဆန်းရှိတ်ပြုတ်ကျ လမ်းပိတ်ဆို့မှုမရှိစေရေး ဖယ်ရှားရှင်းလင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ည‌နေပိုင်းက မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်သို့ အမိုးဆန်းရှိတ်ပြုတ်ကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်‌ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ