သပိတ်ကျင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာရေးဖြေ၊ နုတ်ဖြေ စွမ်းရည်ပြိုင်ပွဲကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာရေးဖြေ၊ နုတ်ဖြေစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က သပိတ်ကျင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၀)ကျောင်းမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9 အထိ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/သူ(၃၂)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/သူ(၄၂)ဦး စုစုပေါင်း ကျောင်းသား/သူ(၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရ​ပြီး ကျောင်းသား လူငယ်များ ယခုလိုပညာရည်ထူးချွန်ပွဲ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ညာဏ်ပညာမြင့်မားလာ​ပြီး ဘာသာရပ်များတွင် ထူးချွန်လာစေရန်၊ အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)