မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအတွင်းရှိ တိရစ္ဆာန်ကောင်ရေစာရင်းများ ကွင်းဆင်းကောက်ယူ

မိုင်းယန်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ မွေးမြူရေးဆိုင်ရာလုပ်ငန်းများနှင့် အိမ်တွင်းမွေးမြူထားရှိသော တိရစ္ဆာန်ကောင်ရေစာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်း၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင် းကောက်ယူရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးများတို့မှ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်သောစာရင်းရရှိရေးအတွက် ကျေးရွာအုပ်စုများအတွင်းရှိ  မွေးမြူထားသော တိရစ္ဆာန်ကောင်ရေစာရင်းများကို ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး