ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

လမ်းမတော်မြို့နယ် (အမှတ်-၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေနံချောင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU)က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် ရာသီအလိုက် စိုက်ပျိုးရသည့် သီးနှံများ အထွက်တိုးရေး တောင်သူ များအား အသိပညာပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးထား သည့် သီးနှံများအား နည်းစနစ်တကျ စိုက်ပျိုး၍ အတွက်နှုန်း တိုးတက်လာစေရန်နှင့် လယ်ယာမြေ ဥပဒေများကို သိရှိနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့ က ကွမ်လှာကျေးရွာ နှင့် အဘစ်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အသင့်စားဒန်ပေါက်များ ထောက်ပံပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လေးမြို့မြစ်ရေကြီးမှုကြောင့်နေအိမ်များ ရေမြုပ်ပြီးရေဘေးလွတ်ကင်းရာဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံများတွင်ခေတ္တခိုလှုံခဲ့ရသည့်ရေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဆန်၊အသင့်စားဒန်ပေါက်၊မာမီးခေါက်ဆွဲခြောက်များအားပေးအပ်ပွဲကို သြဂုတ် ၉ ရက် နေ့လည်က ဓမ္မမေတလင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့နယ်တွင် မိုးစပါး  ၄၇၅၂၈ ဧက စိုက်ပျိုးပြီးစီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ကရင်ပြည်နယ် ဝန်ကြီးချုပ် မြေပြင်ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇွန်လမှ အောက်တိုဘာလကုန်ထိ မိုးစပါးဧက ၁၁၉၀၄၃ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ မိုးစပါး ၄၇၅၂၈ ဧက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် စိုက်ပျိုး ပြီးကာ စွမ်းအားပြည့်ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ သည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

မြင်းခြံမြို့၌ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁) ရပ်ကွက်၌ ယမန်နေ့ညနေ (၃) နာရီအချိန်မှ စတင်ကာ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆင်းသုခစပါးမျိုး ပျိုးထောင်စိုက်ပျိုးမှုအားကြည့်ရှုအားပေးပြီး တောင်သူများထံသို့သွင်းအားစုဓာတ်‌မြေဩဇာများထောက်ပံ့ပေးအပ်

တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျှော့ချကြရန်နှင့် အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုး ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ တောင်သူဦးစိုးလှိုင်၏ လယ်ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ပျိုးထောင်စိုက်ပျိုးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။

ပင်းတယမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ဆရာခန်းမ၌ ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ