တောင်ဥက္ကလာပ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်အား ယမန်နေ့နံနက် (၉း၃၀)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းမှ စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဆရာဦးစိန်ကျော်သင်း၊ ဆရာဦးမြင့်လွင်နှင့် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)တို့မှ တက်ရောက်လာသော Book Club အဖွဲ့ဝင်များအား စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်ထဲမှ သိပညာဗဟုသုတရရှိမည့်၊ မှတ်သားသင့်သည့်အကြောင်းအရာတို့ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတ်ပရိတ်သတ်များ၊ Book Club အဖွဲ့ဝင်းများကလည်း အသီးသီးဆွေးနွေးကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင် Book Club အဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)