စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ခန္တီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကိုင်တွယ်အသုံးပြုပုံများအားသိရှိစေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ စာရေးများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နာဂဒေသလဟယ်-ပုံညိုနယ်စပ်ကားလမ်း တောင်ကျချောင်းရေတိုက်စားမှုကြာင့် ပျက်စီးနေမှုကို စက်ယန္တယားဖြင့်ရှင်းလင်း‌‌

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-‌ဆော်လော်-ပုံညိုကြားရှိ ကားလမ်းများ တောင်ကျ ချောင်းရေတိုက်စားပြီး ကားလမ်းများ ရေတိုက်စားခြင်း၊ ကမ်းပါပြိုခြင်းနှင့် တံတားများ ပျက်စီးခြင်း ကြောင့် လဟယ်မြို့နယ်အတွက် အဓိကအခြေခံစာသောက်ကုန်များနှင့်စက်သုံးဆီများကို အိန္ဒိယနယ်စပ်လဟယ်-ဆော်လော်-ပိုညို နယ်စပ်လမ်းကတင်သွင်းခြင်း ခေတ္တခဏရပ်ဆိုင်းခဲ့ပါသည်။

လဟယ်မြို့တွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သောအခမ်း အနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု‌ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းလက်တွေ့သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊   အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး Top Ten ဝင်သည့် မောင်ဟိန်းမင်းထွဠ် (လေးဘာသာဂုဏ်ထူးရှင်)နှင့်တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး Top Ten ဝင်သည့် ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဟိန်းမင်းထွဠ် (လေးဘာသာဂုဏ်ထူးရှင်)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရွှေဘိုတက္ကသိုလ်၌ (၂၀၂၄-၂၀၂၅) နှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး​​ ​ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ (၂ဝ၂၄-၂ဝ၂၅) နှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီ​ဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ရာ အား​ကစား​ခေါင်း​ဆောင်နှင့်ပြိုင်ပွဲဝင် အားကစားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ဖွင့်လှစ်​ပေးခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့နယ်၌ တက္ကသိုလ်၀င်စာမေးပွဲ (Grade–12)တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ ( Grade -12 ) တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား‌၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကသာခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆဲရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကသာမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများက အချိန်ယူ၍ ကောင်းမွန်စွာ အသုံးချလျက်ရှိရာ ယနေ့မွန်းလဲပိုင်းတွင် Bright Preschool and Education ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်ဖတ်ရှုခဲ့ကြကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး