စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျန်တောကျေးရွာအုပ်စုဓမ္မာရုံတွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ချပြရှင်းလင်းဆွေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး လက်တွေ့သဏ္ဍာန်တူ သရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပညာ‌ရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သဏ္ဍာန်တူ သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်တောင်သူ ဦးအုန်းကျော်၏နေအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့လူထုအခြေပြုဗဟိုဌာတွင် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ 

သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိုးကျသုံးစွဲနည်း၊ နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် တောင်သူများ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနည်း၊ နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်း/မုံရွာ/ယင်းမာပင်ခရိုင်များမှ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်) (၂)ခု သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသား စုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)(၂)ခု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်း ပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား​ပိုက်​ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ည​နေ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဓမ္မာရုံ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး