ကလေးဝမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အလွယ်တကူ ရေစုပ်ယူနိုင်မည့် နေရာများအား လက်တွေ့စမ်းသပ်

ကလေးဝ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အလွယ်တကူ ရေစုပ်ယူနိုင်မည့် နေရာများအား လက်တွေ့စမ်းသပ်မှုကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါလက်တွေ့စမ်းသပ်မှုကို မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမျိုးသိင်္ခနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပြင်းခြောက်သွေ့သော ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက ချင်းတွင်းမြစ်အတွင်းနှင့် မြစ်သာမြစ်တို့အတွင်းမှ ရေစုပ်ယူနိုင်မည့် နေရာများအား မီးသတ်ယာဉ်များဖြင့် လက်တွေ့စမ်းသပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)