ကလေးဝ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် Fire hotspot အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်အောင်က Fire hotspot အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရာဇာဝင်းက မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အကြောင်းအရင်း၊ မီးခိုးမြူငွေ့တွင်ပါဝင်သည့် လေထုညစ်ညမ်းစေသည့်အရာများ၊ လူသားနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် မီးခိုးမြူငွေ့ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)