ရွှေဘို မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၊မိသားစုဝင်များနှင့် ရွှေဘိုမြို့မြောင်းကြီးကျေးရွာရှိ 230KV ပင်မဓာတ်အားခွဲရုံမှ ဝန်ထမ်းများအား မီးဘေးအသိ၊ မီးဘေးသတိရှိစေရေး၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်မှ မီးဘေးအန္တရာယ်၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးဆိုင်ရာများနှင့် 191 Report Application ဖြင့် မီးဘေးနှင့်သဘာဘေးအန္တရာယ်များဖြစ်ပွားမူအား သတင်းပေးပို့နိုင်မူများကို အသိပညာပေးဟောပြောပြီး ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်မြတ်တိုး ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆီမီးလောင်မူနှင့် ဂက်စ်အိုးမီးလောင်မှုတို့အား ရေစိုအဝတ်၊ မီးသတ်ဆေးဘူးတို့ဖြင့်ငြှိမ်းသတ်ခြင်း၊ မီးငြှမ်းသတ်ယာဥ်ဖြင့်မီးငြှိမ်းသတ်ခြင်းတို့အား သရုပ်ပြလေ့ကျင့်၍ မီးသတိပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်