ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)ခန်းမ၌ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ “ သီဆိုဖွင့်လှစ်သည်။