စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ စေတီများ၊ ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့်ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အပတ်စဥ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၀ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကန့်ဘလူခရိူင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။