ကလေးအကျဥ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၁၅) ဦးလွတ်ငြိမ်းခွင့်ရ

ကလေး မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ တပေါင်းလပြည့်နေ့အခါသမယနှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (၂-၃-၂၀၂၆)ရက်စွဲပါ ပြစ်ဒစ်လွတ်ငြိမ်းခွင့် အမိန့်အမှတ်( ၆/၈/ ၂၀၂၆)၊ ကျင့် ၄၀၁(၁) အရ အကျဥ်းသား (၈၂)ဦး၊ အကျဉ်းသူ (၃၃)ဦး စုစုပေါင်း(၁၁၅)ဦး လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ အကျဥ်းဦးစီးဌာန၊ ဇလပ်ဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌မိုးထက်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးစောမြင့် တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဉ်းသား/သူများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အောင်မိုးဝင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိသည်။

ခရိုင်(ပြန်/ဆက်)