ဖောင်းပြင်မြို့၌ တန်ဖိုးသင့်အစာများကို အာဟာရပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးတတ်စေရေး အာဟာရအုပ်စု(၅)မျိုးပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် တန်ဖိုးသင့်အစားအစာများကို အာဟာရ ပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးတတ်စေရေး မိခင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် အာဟာရအုပ်စု(၅)မျိုးပါဝင်အောင် ချက်ပြုတ်နည်းပြိုင်ပွဲကို ဩဂုတ်လ(၂၄)ရက်နေ့နံနက် ၉ နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။