စစ်ကိုင်းတိုင်းဒေသကြီး

‎ရွှေဘိုမြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်ရွှေဘိုမြို့၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးကိုလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ရေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ ညနေပိုင်းက ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘော ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံး၌ ပြုလုပ်ခဲ့သည်။

ဆားလင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာ ပြည်သူများလာရောက်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်  ဆားလင်းကြီးမြို့နယ်၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက် နံနက်(၆)နာရီမှ စတင်ပြီး မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။

ကနီမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ကနီမြို့နယ်တွင်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၆)နာရီမှ စတင်ပြီး မဲရုံများ၌  မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်းမှ စိန်ပန်းပြာလမ်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

စစ်ကိုင်းမြို့ရှိ စျေးဆိုင်များတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မစျေးအတွင်း စျေးဆိုင်များတွင်  သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်တောကျေးရွာအုပ်စုအတွင်းရှိ မံရုံများအားမီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဟောပြောပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း‌    ရွှေရတုခန်းမတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ အောင်ချက်မြင့်မားလာစေရန်ရည်ရွယ်၍  ‌အွန်လိုင်းမှတဆင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါတက္ကသိုလ်၏  ငွေရတုခန်းမ၊ ပင်မဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး