ကျွန်းလှ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မြတ်မိုးဆန်း လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် တာဝန်ရှိသူတို့ကစာသင်ကျောင်းများ၊ မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့်အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ