စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင်း သတိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းရိုင်၊ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၂၉၀၀ စင်တီဖြစ်ပြီး ယမန်နေ့ ၁၅ နာရီ ၃၀ မိနစ်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၂၈၂၉ စင်တီမီတာ ရော​က်ရှိနေပြီး ချင်းတွင်းမြစ်ရေ ကြီးမြင့်လာနိုင်မှုကြောင်း မြစ်ရေမြင့်တက်လာပါက အချိန်မီသတိပြုရှောင်ရှားနိုင်ရေး သတိပေးဆောင်ရွက်မှုကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့မန်နံနက်ပိုင်းက အ.လ.က(၅)ကျောင်း၌ ဆောင်ရွက်ကြသည်။

နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း အခမ်းအနားမှူး သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းသည် ယနေ့နံနက် (၀၉:၀၀) နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လဟယ်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခမ်းအနားမှူး သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။

မော်လိုက်မြို့ အ.ထ.က ကျောင်း၌ ကျန်းမာရေး‌  စောင့်‌ရှောက်မှုပေးခြင်းလုပ်းငန်းများဆာင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူ များကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတာ်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျန်းမာရေးဆိုင်ရာ ‌စောင့်‌ရှောက်မှု‌ပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက်(၉) နာရီအချိန်ကဆောင်ရွက်ခဲ့ကြသည်။

ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က (အ-မ-က) ငှက်ပျောတောကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်းနိုင်ငံတော်အစိုးရ၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုကိုကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးညီညီထွေးနှင့် နာဂဦးစီးအဖွဲ့၀င်များ၊ နာဂဒေသလ၀ကဦးစီးမှူး ဦးစိုးတင့်အောင်၊ လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့သည် ယနေ့နံနက် (၁၁:၃၀) နာရီအချိန်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ဦးစီးမှူးရုံးမှလဟယ်မြို့အခြေခံပညာနှင့် စိုက်မှု၊ စိုက်ပျိုး၊ မွေမြူးရေးအထက်တန်း‌ ကျောင်းချယ်ရီ မြိုင်ခန်မ ၌ (Grade-12မှGrade-6) တန်းကျောင်းသား ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် UID ဆောင်ရွက်ခြင်း လုပ်ငန်းဆောင် ပေးနေမှုကို ကြည့်ရှု အားပေးပါသည်။

စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောပျိုးပင်များစိုက်ပျိုး

အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

မြင်းမူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောစိုက်ပျိုးနိုင်ရေးအတွက် အသိပညာ ပေးခြင်းနှင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို မြင်းမူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီး ကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းက မြင်းမူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသ

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသားများ စာများများ ဖတ်ကြပါရန်နှင့် ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုလေ့လာမှသာ အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များပီပီ တိုင်းပြည်အတွက် အားကိုး၊ အားထားရသော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၉ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ရုံးကြီးရပ်ကွက်ရှိ ကူးတို့မြောက် အမှတ်(၁၆) အခြေခံပညာမူလတန်း လွန်ကျောင်း၌ ကျင်းပသည်။

ဟုမ္မလင်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ( Public Talk ) ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စု၊ နားသဲကျေးရွာ(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး