စစ်ကိုင်းတိုင်းဒေသကြီး

ကလေးဝမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

ဆားလင်းကြီးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅  ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့နံနက် ၉ နာရီအချိန်က ဆားလင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြေးနီ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ ဝက်သားဈေးကောင်းသဖြင့် မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေ

ဖောင်းပြင်မြို့၌ ဝက်အစာများဖြစ်သည့် ဖွဲနှင့်ဆန်ကွဲတို့မှာ လိုသလောက်လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း အင်ကြင်းမြိုင်ရပ်ကွက်တွင် မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်မြင့် ထံမှသိရသည်။

ဖောင်းပြင်မြို့၌ ပညာရေးစုံညီပွဲတော်ကျင်းပ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ-ထ-က ဖောင်းပြင်)တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် "နိုင်ငံတော်အဆင့် Top-10 အဆင့်ဝင်၊ တိုင်းဒေသကြီးအဆင့် (Top-2) /(Top-4)အဆင့်ဝင်များ၊  ၄ ဘာသာဂုဏ်ထူးရှင်များအပါအဝင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာယ၊ ဉာဏပြိုင်ပွဲအသီးမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ(၄)နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးခရိုင် ဘောလုံအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် လူနေအိမ်ရှိ ပလပ်ခုံ အပူလွန်ကဲရှော့ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်မီးသတ်စခန်း၏ အနောက်မြောက်ဘက် (၂)မိုင်(၂)ဖာလုံခန့်အကွာ မုံရွာမြို့၊ ထန်းတောရပ်ကွက် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် ဦးချစ်ထူး၊ (ဘ)ဦးကျော်တင့် လူနေအိမ်တွင် ဇန်နဝါရီ ၁၉ ရက် ညနေ ၂ နာရီခွဲအချိန်က ပလပ်ခုံအပူလွန်ကဲရှော့ဖြစ်ရာမှတဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ် Community Centre တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံအ‌‌ကြောင်း သိရှိကြစေရန်နှင့် အရောင်များမှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး ရွှေဘိုခရိုင်၊‌ ရေဦးမြို့နယ် Community Centre တွင် ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် ၁၀:၀၀ နာရီက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်မာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံး ဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး