မော်လိုက် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မှိုအမျိုးမျိုးစိုက်ပျိုးနည်းသင်တန်းကို ဇွန်လ(၂၃)ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိန်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနလက်ထောက်ဦးစီးမှူး ဒေါ်သန်းနွယ်ဦးက မှိုစိုက်ပျိုးနည်းအဆင့်ဆင့်ကို စာတွေ့သင်ကြားပေးခဲ့သည်။ ယင်းနောက် သင်တန်းသား/ သင်တန်းသူ (၈၄) ဦးတို့ကို မှိုစိုက်ပျိုးနည်း အဆင့်အဆင့်ကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)