ဟုမ္မလင်းမြို့၌မိုးရာသီကာလကြုံတွေ့လာနိုင်သည့် ရေကြီးရေလျှံနစ်မြှပ်မှု သဘာဝဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟုမ္မလင်း  ဇွန်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့တွင်ခရိုင်၊ မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ၁/၂၀၂၆ခုနှစ်၊ မိုးရာသီကာ လကြုံတွေ့လာနိုင်သည့်ရေကြီးရေလျှံနစ်မြှုပ်မှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က၊ ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ဟိန်းကျော်က အခမ်းအနားအဖွင့်အမှာစကားပြောကြားခဲ့ပြီးခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များက၂၀၂၆ ခုနှစ်၊ မိုးရာသီကာလကြုံတွေ့လာနိုင်သည့် ရေကြီးရေလျှံနစ်မြှုပ်မှုသဘာဝဘေးအန္တရာယ်မှကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များနှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာကဆောင်ရွက်ရန်လုပ်ငန်းစဥ်များအားအပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါ ဟုမ္မလင်းခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၏ ၁/၂၀၂၆ခုနှစ်၊ မိုးရာသီကာလကြုံတွေ့လာနိုင်သည့်ရေကြီးရေလျှံနစ်မြှုပ်မှုသဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်ဟုမ္မလင်းခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

 ဟုမ္မလင်း(ပြန်/ဆက်)