စစ်ကိုင်းမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

စစ်ကိုင်း ဇွန် ၂၅

ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

စစ်ကိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ များကိုကျင်းပရာ စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြန်မာအမျိုးသမီးများနေ့ တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။      

နေလင်းအောင်(ပြန်/ဆက်)