မင်းလှ စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် မင်းလှမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ ဘောလုံးအသင်းအုပ်ချုပ်သူဒေါ်အေးမြမြဌေးကြွယ်က ဂုဏ်ပြုပွဲပြုလုပ်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကအနိုင်ရအမျိုးသမီးဘော လုံးအသင်းအားထပ်ဆင့်ဂုဏ်ပြုငွေ (၅) သိန်းကျပ်နှင့် အကောင်းဆုံးဂိုး သမားဆုနှင့်အလယ်တန်းဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုရရှိသူတို့ကို ထပ်ဆင့်ဆုငွေများချီးမြှင့်ခဲ့ကြောင်း၊ ဒေသခံပြည်သူများကလည်း ဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပေါက်စ (မင်းလှ)