လက်ပံတန်းမြို့နယ်၌ လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

လက်ပံတန်း စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုတွင်  စက်တင်ဘာ ၂၁ ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ် ၂ လုံးအတွက် လေဘေးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေဘေးသင့်နေအိမ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တာ ဝန်ရှိသူများက  လေဘေးကြောင့် ပြိုလဲနေအိမ် ၂ လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၂၀၀,၀၀ဝကျပ်၊ လူဦးရေ ၈ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၄၀၀၀ဝ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂၄၀၀၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း  ၂ အိမ်‌ထောင်စာတန်ဖိုး ၂၁၅၃၅၆ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)