သာယာဝတီ စက်တင်ဘာ ၂၅
၂၀၂၅ ခုနှစ်၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ(၂၃)ရက်နေ့ညနေ ၃ နာရီက သာယာဝတီခရိုင် အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို သာယာဝတီမြိုနယ်အသင်းနှင့် မင်းလှမြို့နယ် အသင်းတို့ယှဥ်ပြိုင်နေမှုကို သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး မင်းလှမြို့နယ်အသင်းမှ ၄ ဂိုးဖြင့်အနိုင်ရရှိပြီး ဆုပေးပွဲအခန်းအနားဆက်လက်ကျင်းပရာ မင်းလှမြို့နယ်မှ ပထမ၊ သာယာဝတီမြို့နယ်မှ ဒုတိယ၊ လက်ပံတန်းမြို့နယ်မှ တတိယရရှိကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂) ဦးမြင့်သူနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)