သာယာဝတီ စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို သာယာဝတီဗဟိုအကျဥ်းထောင် အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းထွက်ကုန်ချောပစ္စည်းများ ပေးအပ်ခဲ့သည်။
သင်တန်းကို ပထမအကြိမ် ရက်(၃၀)ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ်သင်တန်းကို (၁၅)ဖွင့်လှစ်ခဲ့၍ စုစုပေါင်း(၄၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်းသင်တန်းသူ(၁၅) ဦး တက်ရောက်ခဲ့ရာ ထူးချွန်သင်တန်းသူ(၅)ဦးကိုရွေးချယ်၍ ငွေ ကျပ်(၁,၄၀၀,၀၀၀)သိန်းတန်ဖိုးရှိသည့် အပ်ချုပ်စက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)