ကြို့ပင်ကောက်မြို့မဈေးအတွင်း ဆေးဆိုင်များတွင် Dumeh Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိမရှိစစ်ဆေး

ကြို့ပင်ကောက် စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင် Dumex Dupro Brand အမှတ်တံဆိပ်အတုများရောင်းချမှုရှိမရှိ စစ်ဆေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထား သော DKSH Myanmar Ltd. မှ တင်သွင်းသည့် Dumex Dupro Brand (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ) များကိုသာ စစ်ဆေးတွေ့ရှိရကြောင်း ကုန်ပစ္စည်းရောင်းချသူ ဆိုင်ရှင်များကိုလည်း အတုအစစ်ခွဲခြားနည်းနှင့် Dumex Dupro Brand အမှတ်တံဆိပ်အတုများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြာင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်က ပြောသည်။

ဇေယျာထွန်း(ပြန်/ဆက်)