ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့၌ မဲဆန္ဒရှင် လူဦးရေစာရင်းများအား ပြည်သူများ လာရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အထွေထွေ ရွေးကောက်ပွဲတွင်အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်း ထုတ်ပြန် ကြေညာထားရာ ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ကပ်ထား ကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဖြူးမြို့နယ်တွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၉) နာရီက စည်ပင်သာယာရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသော ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်၍ စိုက်ပျိုးသူများ အဆင်ပြေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ၌  တစ်ပိုင်တစ်နိုင်စိုက် ပျိုးထားရှိသော ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း ဝက်တိုးကျေးရွာမှ ပဲတိုင်ထောင်စိုက်ပျိုးသူ တောင်သူတစ်ဦး ထံမှသိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တွေ့ဆုံအားပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မိုးညိုမြို့၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့၌ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး ပုံစံ - ၁ မဲစာရင်းများ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး ပုံစံ - ၁ မဲစာရင်းများ ဖြန့်ဝေခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့၌ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ ရွှေကျင်မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၈) နာရီအချိန်က ရွှေကျင်မြို့၊ မကျည်းတန်းရပ်ကွက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး