ပဲခူး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်သင်တန်းကျောင်း၌ ဖွင့်လှစ်သော တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၂ / ၂၀၂၅) တွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူ (၄၀) ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၄၀ c/e) ၌ စိုက်ပျိုးထားရှိသော အောင်နိုင်တိုးစပါးအကွက်ကျယ်စံပြကွက်၊ ခေါင်နှံနှင့် မျိုးပွားခြင်းစိုက်ကွက်၊ High Yield Potential စံပြကွက်များသို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အဓိကအရေးကြီးသော မျိုးကောင်းမျိုးသန့်သုံးစွဲစိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရေးဆွေးနွေးခဲ့ပြီး တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ စိုက်ခင်းအတွင်း လှည့်လည်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)