ဖြူး စက်တင်ဘာ ၂၈
၂၀၂၅ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့မရဲစခန်းမှကြီးမှူး၍ မြန်မာ့အားကစား တိုးတက်ရေးအတွက်ရည်ရွယ်၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီအချိန်က စည်ပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲတွင် ဖြူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူးအောင်လင်းက အဖွင့်အမှာ စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဆပ်ကော် မတီစားပွဲတင်တင်းနစ်ဥက္ကဋ္ဌ ဦးဇော်လှမြင့်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် Pioneer(Phyu)အသင်း(၃)သင်း၊ တောင်ငူအသင်း(၁)သင်း၊ ဆွာအသင်း(၁)သင်း၊ ဇေယျဝတီအသင်း(၁)သင်း၊ အိန်းချွမ်း(ဖြူး) အသင်း(၄)သင်း၊ ပဲခူးအသင်း(၁)သင်း၊ဒိုက်ဦးအသင်း(၁)သင်း စုစုပေါင်း (၁၂) သင်းသည် အုပ်စုပွဲစဥ်အလိုက် ယှဥ်ပြိုင်ခဲ့ကြကြောင်းနှင့် ပထမဆု(၃)သိန်း၊ ဒုတိယဆု(၂) သိန်း၊ တတိယဆု(၁)သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်