မင်းလှမြို့၌ မြစ်မခသဘာဝ‌ရေပြင်အတွင်း ငါးမျိုးကောင်ရေ(၁၃၀၀၀၀)‌ စိုက်ထည့်

မင်းလှ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝ‌ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဖြိုးဝေလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ‌ပြည်သူများ၊ ကျောင်းသား/သူတို့က မြစ်မခမြစ်သဘာဝရေပြင်အတွင်း (၂)လက်မအရွယ် ငါးမြစ်ချင်း(၄၀၀၀၀)၊ ငါးခုံးမကြီး (၇၀၀၀၀)၊ ငါးဖမ်းမ(၂၀၀၀၀)  စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၃၀၀၀၀)အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(ပြန်/ဆက်)