ပေါက်ခေါင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချောင်းခြားကျေးရွာနှင့် ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ငခူအိုင်ကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာနှင့် ဂွေးပင်ခုန်ကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာတို့ရှိ ခမရဝါ KK3 ကြဲခင်များအား စက်တင်ဘာလ(၂၄)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဝါစိုက်ဧက အများအပြားရှိရာ ရွှေတောင်-၈ - (၁၅၅၀)ဧက၊ ငွေနှင်းမှုံ(၇၁၁) - (၃၅၀)ဧက၊ RaKa(666) - (၅၄၂၉)ဧက နှင့် B-31 - (၉၃)ဧက စုစုပေါင်း (၇၄၂၂)ဧကကို လျာထားချက်ပြည့်မီစွာစိုက်ပျိုးပြီးစီးပြီဖြစ်၍ ချောင်းခြားကျေးရွာနှင့် ချောင်းကျိုးကျေးရွာများတွင်လည်း ဧက(၁၀၀)ကျော် စိုက်ပျိုးထားရှိရာ အဆိုပါခမရဝါ KK3 ကြဲခင်းများအား ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေတာဝန်ခံဦးဆောင်၍ ဒေသခံဝါစိုက်တောင်သူများ  ပိုးသတ်ဆေး စနစ်တကျ အသုံးပြုတတ်စေရန်နှင့် ဝါပင်များပိုးမွှားအန္တရာယ် မကျရောက်စေရန် လမ်းညွှန်ပေးခဲ့ပြီး စိုက်ပျိုးရေးနည်းလမ်းကောင်းများလည်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)