ပဲခူးတိုင်းဒေသကြီး

ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအနေအဖြစ် သွားကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဘန့်ပြင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ယမန်နေ့၊ နေ့လယ်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားအသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၅ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(တပ်နယ်)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့၌ ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတပေါများ ကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ဝေါမြို့ ပဲခူး -စစ်တောင်းတူးမြောင်းတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ ယနေ့နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

သဲကုန်းမြို့နယ်၌ ၂၀၂၅ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးသီးနှံ ၂၅၈၆၄ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း သီးနှံ ၂၅၈၆၄ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အ.ထ.က-သုံးဆယ်ကျောင်း၌  ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းဗောဓိကုန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းဗောဓိကုန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၊ စောကဲကျေးရွာ၌ ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာမှ တောင်သူဦးဝင်းမောင်လေး၏ ချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆) စိုက်ပျိုးထားရှိသော ဝါစိုက်ခင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး