အုတ်တွင်းမြို့နယ်၌ သမဝါယမကဏ္ဍ အစီအစဥ်ဖြင့်သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက် သီးနှံမြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား

အုတ်တွင်း အောက်တိုဘာ ၂၃

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း​မြို့နယ် သမဝါယမကဏ္ဍ အစီအစဥ်ဖြင့် သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲအချိန်က မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်သမဝါ ယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားအေးက ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိစေရေး အတွက်စနစ်တကျဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးကြည်စိုးက ကျေးဇူးတင် စကားပြော ကြားသည်။

ထို့နောက်တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စိုက် ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သမဝါယမအသင်း()သင်းမှ အသင်းသားတောင်သူ(၁၉၀)ဦး၏ မြေပဲစိုက် ဧက(၁၀၀၀)အတွက် အသင်းပိုင်အစီအစဥ်ဖြင့် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသော မြေပဲမျိုးနှင့် သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)