တောင်ငူ အောက်တိုဘာ ၂၁
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံလျက်ရှိပြီး လုံးတော်ပြည့်မျက်ပါးရွှေဆိုင်း ကပ်လှူပူဇော်နိုင်ရေးနှင့် ၉ လက်မပတ်လည် ရွှေစင်ရွှေပြား ထပ်မံကပ်လှူပူဇော်၍ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ပြန်လည်ပူဇော်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးမှ သိရသည်။
တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မတ် (၂၈) ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ကြောင့် ထီးတော်မဏ္ဍိုင် တိမ်းစောင်းခဲ့ခြင်း၊ ငှက်ပျောဖူးတော်၊ ပန်းတင်ခုံ၊ အထက်အောက်ပစ္စယံနှင့် အရန်စေတီတော်များ ထိခိုက်အက်ကွဲပျက်စီးခဲ့ခြင်းအတွက် CB ဘဏ်ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး မိသားစု၏ လှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိပြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရွှေဆိုင်း (၄၀၀၀)ကပ်လှူနိုင်ရန်အတွက် မူလအလှူရှင်များအပြင် စေတနာရှင် အလှူရှင်များ မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် (အရွက်- ၁၀၀)ပါ ကျပ် ၃၄၀၀၀၀ ၊ ၉ လက်မပတ်လည် ရွှေစင်ရွှေပြား ထပ်မံပူဇော်ရန် တစ်ချပ်လျှင် ၈၃၀၀၀၀၀ တို့အား ကမ္ဗည်းထိုး၍ ခုနစ်ရက်သားသမီးများ ကိုယ်တိုင်ကိုယ်ကျ ကပ်လှူပူဇော်နိုင်ရန် ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖုန်းနံပါတ် ၀၉- ၅၃၅၀၈၅၀၊ ၀၉- ၇၉၂၅၅၅၅၂၄၊ ၀၉- ၄၂၈၁၃၁၂၈၂၊ ၀၉-၄၅၄၃၆၆၄၈၅၊ ၀၉-၅၃၅၂၂၁၇၊ ၀၉- ၅၃၅၁၃၃၁၊ ၀၉-၄၂၈၀၃၇၅၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)