ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးစပါးရိတ်သိမ်းချွေ‌ လှေ့မှုအား တာဝန်ရှိသူများ ကွင်းဆင်း၍ ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဂုမ္မကွင်းကျေးရွာအုပ်စု ဂုမ္မကွင်းကျေရွာမှ သမဝါယမအသင်းသား တောင်သူ ဦးဝင်း၏ ဆာဖိုးသာ မိုးစပါး ၁၀ ဧက ရိတ်သိမ်း ခြွေလှေ့မှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အောက်တို ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းကကွင်းဆင်း၍ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

(၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ဝေါမြို့နယ်၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် (၁၂) နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတ များတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို အောက်တိုဘာ ၂၀ ရက်နေ့နံနက်ပိုင်းက စတင်ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း အသိပေးကြေညာ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ပြီး ပန်းဘဲတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး