သာယာဝတီမြို့နယ်၌ မကူးစက်နိုင်သောရောဂါများ (NCD Clinic) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မကူးစက်နိုင်​သော​ရောဂါများ ကာကွယ်ကုသခြင်းလုပ်ငန်း (NCD clinic)ကို ​အပတ်စဥ်​ ဗုဒ္ဓဟူး​နေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငဖြူကလေးကျေးလက်ကျန်းမာရေးဌာန၌ ဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆေးကုသမှုပေးရာတွင် ငဖြူကလေးကျေးလက်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးပုဂ္ဂိုလ် ၃၀ ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုစစ်ဆေးခြင်းနှင့် လိုအပ်​သော​ဆေးဝါးများ ​ပေးခြင်းစသဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။ 

ထို့အပြင် ကျန်းမာရေးအသိပညာပေးအစီအစဉ်တွင် သက်ကြီးပုဂ္ဂိုလ်များအတွက် သွေးတိုးနှင့် ဆီးချိုရောဂါအကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အာဟာရအရေးကြီးမှုများအကြောင်း ဆွေးနွေးအသိပညာ‌‌ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)