ရေတာရှည်မြို့နယ်၌ မိုးစပါးစံပြစိုက်ကွက်ရိတ်သိမ်း

ရေတာရှည် အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု ခင်တန်းကြီးကျေးရွာ ကွင်းအမှတ် ၆၆၂(က)၊ ကွင်းအမည် ရွှေကြက်ယက် တောင်ကွင်း၊ ဦးပိုင်အမှတ် ၆၈ ကွင်းတွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးကျော်မင်းထွန်း လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တောင်သူဦးကျော်မင်းထွန်းစိုက်ပျိုးထားသည့် မိုးစပါး"ဆင်းသုခ"စပါးမျိုး(၀.၁၀)စံကွက်အား ရိတ်သိမ်းခဲ့ရာ ပျမ်းမျှအထွက်နှုန်း စပါးအစို ၁၂၄.၃၂တင်းနှင့် အခြောက် ၁၁၄.၃၂တင်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)