ပဲခူးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ ကူးစက်ရောဂါဖြစ်ပွားမှုများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပွားမှုတွေ့ရှိပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်သည် ယနေ့နေ့လယ်ပိုင်းက သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ တိုင်း‌/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေး‌နွေးသည်။ 

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အနောက်စု အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(ကျောက်တံခါး)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတစ်ဦးစိုက်ပျိုးထားသော မိုးစပါးစံပြကွက်အား တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ "အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ခြင်း" အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) စီစဥ်မှုဖြင့် "အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း" အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွား​ရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို လေးကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ကင်ဆာရောဂါဆိုင်ရာ အသိပညာမြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပြည်သူလူထုအ တွင်း ကင်ဆာရောဂါအသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျောင်းအခြေပြုလှုပ်ရှားမှုများ ဆောင် ရွက်ခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး